The Florist by Yun

လီလီပန်းမျိုးစိတ်၏ဖြစ်တည်ပုံ နှင့် ထိန်းသိမ်းမှုနည်းလမ်းများ

 လီလီပန်းများသည် ဥမှတဆင့်ပေါက်ဖွားလာပြီး အခြားသော အပင်မျိုးနွယ်စုများနှင့် ကွဲပြားသော မျိုးစိတ်တစ်ခုဖြစ်သည်။လီလီပန်းမျိုးစိတ်သည် အနည်းဆုံး(၆)နာရီခန့် နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ပါက ကောင်းမွန်စွာ ကြီးထွားလေ့ရှိသည်။မျိုးစိတ်များအား မျိုးရိုးအားဖြင့်သော်လည်းကောင်း၊ ပန်းပုံစံအားဖြင့် သော်လည်းကောင်း ခွဲခြားသတ်မှတ်လေ့ရှိကြသည်။

 ပန်းပွင့်၏ ပုံသဏ္ဌာန်အများစုသည် “တံပိုးပုံစံ” လှပကျော့ရှင်းသော ရိုးတံရှည်များနှင့် ကြယ်ပုံစံ မျက်နှာပြင် အနေအထားရှိသည်။အရွက်များသည်လည်း အစိမ်းရင့်ရောင်ဖြစ်ပြီး ရိုးတံများမှာ သွယ်လျ ရှည်လျားသည်။ပွင့်ဖတ်များသည်လည်း ချောမွေ့နူးညံ့လျက်ရှိသည်။ယေဘုယျအားဖြင့် လီလီပန်းများသည် ရေအမြောက်အများ မလိုအပ်သော်လည်း မကြာခဏ ရေနှင့် ထိတွေ့ခြင်း လိုအပ်သည်။လီလီပန်းများကို နွေဦး (သို့မဟုတ်) ဆောင်းဦးရာသီတွင် စိုက်ပျိုးလေ့ရှိသည်။နှစ်ရှည်ပင်များဖြစ်၍ မြေဆီလွှာပေါ်တွင် (၁)နှစ်မှ (၂)နှစ်အတွင်း ရှင်သန်နိုင်သည်။ ရေအလုံအလောက်ရရှိနိုင်ပြီး ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် “Asia Lily,Trumpets နှင့် Orienpets”မျိုးစိတ်များလည်း တွေ့ရှိ ရတတ်သည်။ပန်းပင်များသည် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမရှိသည့် အရိပ်ရသော နေရာများတွင် ထားပါက ပို၍ကြာရှည်ခံလေ့ရှိသည်။လီလီပန်းပင်များသည် လေဝင်လေထွက်ကောင်းသော နေရာများတွင် ပိုမိုကြာရှည်ခံလေ့ရှိသည်။ရိုးတံ၏အောက်ခြေအား ၄၅ဒီဂရီစောင်း၍ ဖြတ်ပေးပါက ရေစုတ်ယူမှုပိုမိုကောင်းမွန်၍ ပန်းပင်၏ လတ်ဆတ်မှုမှာ ပိုမိုကြာရှည်ခံစေသည်။ 

 ပန်းများကိုဇောက်ထိုးကိုင်ထားပြီး ရေဆေးခြင်း၊အရိုးကို ၄၅ဒီဂရီစောင်းဖြတ်ခြင်း၊ပန်းအိုးတွင်းမှရေကို (၂)ရက် သို့မဟုတ် (၃)ရက်တစ်ခါလဲခြင်း၊နေရောင်နှင့်ဝေးသော အေးမြသည့်နေရာတွင်ထားခြင်းတို့သည် လီလီပန်းများကိုကြာရှည်စွာ လှပစေနိုင်သော ထိန်းသိမ်းမှုအခြေခံနည်းလမ်းများဖြစ်သည်။

 

Referred By Editors of Encyclopae din
Britannica

Back to top