လီလီပန်းနှင့်ပတ်သက်သည့် အထွေထွေဗဟုသုတများ
ဂရိဒဏ္ဍာရီလာရှိ “Zeus”နတ်ဘုရား နှင့် “Hera”မိဖုရားတို့လက်ထက်တွင် လီလီပန်းများကို “ပြန်လည်မွေးဖွားခြင်း နှင့် မိခင်ဖြစ်တည်ခြင်း”ဟုမှတ်တမ်းတင်ကာ Genus Lilium၏ Genus အစိတ်အပိုင်းတစ်ခုဟုလည်း ဖော်ပြထားသည်။
အများအားဖြင့်လီလီပန်းများကို ကိုးကွယ်ယုံကြည်မှု(သို့) ကြီးကျယ်မြင့်မြတ်မှုဟုတင်စားထားပြီး ပန်း၏အဓိပ္ပာယ်များကိုမူ ယဉ်ကျေးမှုအနုပညာ နှင့် အရောင်ပေါ်မူတည်၍ အဓိပ္ပါယ်များစွာဖွင့်ဆိုကြသည်။ အများအားဖြင့် လီလီပန်းသည် ဆောင်းရာသီ၏ အအေးဓာတ်ခံယူပြီး နွေဦးရာသီတွင် ဖူးပွင့်လေ့ရှိသည်။

Eniac
တရုတ်ပြည်၏ယဉ်ကျေးမှုဓလေ့အရ လီလီပန်းများကို နှစ်ပေါင်း(၁၀၀)တိုင် ခိုင်မြဲစွာ ချည်နှောင်ထားသောချစ်ခြင်းဟု သတ်မှတ်ကာ မင်္ဂလာဆောင်များတွင်အသုံးပြုလေ့ရှိသည်။ မင်္ဂလာမောင်နှံများအတွက် ကံကောင်းခြင်းဖြင့်ချည်နှောင်ထားစေသော ပန်းများဟူ၍လည်းတင်စားထားသည်။
ဗစ်တိုးရီးယားလူမျိုးသည် ၎င်းတို့၏ပန်းတိုင်နှင့် စိတ်ခံစားချက်များကိုဆက်သွယ်နိုင်ရန် ပန်းများကိုအဓိပ္ပာယ်များစွာဖွင့်ဆိုကြသည်။ရှေးခေတ်အယူအဆတစ်ခုတွင် အမျိုးသမီးထံမှ လီလီပန်း တစ်ပွင့်အားလက်ခံရှိလျှင် ထိုသူသည် သူမ၏ချစ်မြတ်နိုးသူဖြစ်လိမ့်မည်ဟု သတ်မှတ်ကြသည်။“အာရှုရိ နှင့် ဗာဗုလုန်”လူမျိုးတို့သည် လီလီပန်းများကို မွေးဖွားခြင်းနတ်ဘုရားမ“Ishtar”နှင့်အတူ ဆက်နွယ်နေခြင်းဟု ယူဆထားကြပြီး ခရစ်ယာန်ဘာသာဝင်များကမူ အပြစ်ကင်းစင်ခြင်းအဖြစ် Virgin Mary နှင့် Madonna lilyဟုလည်းခေါ်တွင်ကြသည်။ဝိတိုရိယဘုရင်မကြီးခေတ်၌ လီလီပန်းများကို အမျိုးသမီးအများစုသည် အကျော်ကြားဆုံးပန်းဟု သတ်မှတ်ထားကြပြီး ခေါင်းတွင်ပန်ဆင်ခြင်း၊ အဝတ်အစားများတွင် အသုံးပြုခြင်း၊အလှပန်းစည်းများစည်း၍ ဓာတ်ပုံများရိုက်ကူးခြင်းပြုလုပ်ကြသည်။

Roselily Aischa
ကျန်းမာရေးဆိုင်ရာ သုတေသနစစ်တမ်းများအရ လီလီပန်းပင်များသည် နေအိမ်အတွင်းစိုက်ပျိုးပါက ပြင်ပမှလေထုညစ်ညမ်းမှုကို သန့်စင်ပေးခြင်း၊ အခြားသောအပင်များကဲ့သို့ ဂရုတစိုက်ပြုပြင်ထိန်းသိမ်းစရာ မလိုသော အိမ်သုံးအပင်ဖြစ်ခြင်း၊ Acetoneအငွေ့များကို စုပ်ယူခြင်း၊ နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း၊ အိမ်အလှဆင်ခြင်းအတွက် အထူးသင့်တော်ခြင်း၊ မှိုပေါက်ခြင်း နှင့် မှိုပိုးများကို လေထုမှကာကွယ်ပေးခြင်းများ အထူးလုပ်ဆောင်နိုင်သည်။
https://justfunfacts.com၏
“Interesting facts about lilies”ဆောင်းပါးမှ
ကောက်နုတ်ထားပါသည်။