လီလီပန်းများကို ဘယ်လိုနေရာတွေမှာအသုံးပြုကြသလဲ???
လီလီပန်းများကို ဘယ်လိုနေရာတွေမှာအသုံးပြုကြသလဲ???
လီလီပန်းသည် အပင်တစ်မျိုးဖြစ်ပြီး ၎င်း၏အမြစ် ၊ မြေအောက်ပင်စည်(Rhizome)နှင့် အပွင့်ခြောက် များကို ဆေးဝါးပြုလုပ်ရာတွင် အသုံးပြုနိုင်သည်။ယနေ့ခေတ်တွင်မူ လီလီပန်းများအား ကျန်းမာရေးနှင့်ဆိုင်သော ကုထုံးများ၊ အာဟာရဖြည့်စွက်အစားအစာများ ၊ အရေပြားနှင့်ဆိုင်သော ထုတ်ကုန်များ နှင့် အသားအရေ လှပစေရန်တို့တွင် အသုံးပြုကြသည်။
လီလီပန်းမှထွက်သောပန်းအဆီသည် အရေအပြားဆဲလ်များကို ပြန်လည် ဖွံ့ဖြိုးစေပြီး အပြစ်အနာအဆာ ကင်းဝင်းစေသည်။Alkalising ပန်းများဖြစ်၍ ရေဓာတ်ထိန်းညှိပေးပြီး အသားအရေကို သဘာဝအတိုင်းတောက်ပ၍ ကြည်လင်ချောမွေ့စေသည်။အရေပြားအတွင်းပိုင်းအထိ စိမ့်ဝင်စေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းအား ကာကွယ်ပေးသည်။ဒါ့အပြင် အရေးအကြောင်းများအား သက်သာ ပျောက်ကင်းစေသည်။ဆံကေသာအတွက် နေ့စဉ်ပုံမှန်လိမ်းပေးပါက ဦးရေပြားကို ချောမွေ့စေပြီး ဆံသားများ နက်မှောင်၍ ဆံပင်အုံထူထဲခြင်းကို အားဖြည့်စေသည်။အီဂျစ်ခေတ်တွင် လီလီပန်းများကို အမွှေးနံ့သာ နှင့် အရေပြားနူးညံ့စေရန် အသုံးပြုသကဲ့သို့ ယနေ့ခေတ်တွင်လည်း အသုံးပြုနေဆဲ ဖြစ်သည်။
ဩစတေးလျနိုင်ငံ၊ဆွစ်ဇာလန်နိုင်ငံ နှင့် ဂျာမနိုင်ငံတို့တွင် အဓိကထားကာကွယ်၍ စိုက်ပျိုးထားသော မျိုးစိပ်အဖြစ် လီလီပန်းများကိုတွေ့ရှိရသည်။အဖြူရောင်လီလီပန်းများကို ဖြူစင်ခြင်းဖြစ်သည့် “Virgin Mary”နှင့် ဆက်နွယ်နေသည်ဟုလည်း တင်စားဖော်ပြကြသည်။ပန်းရနံ့ကုထုံးများအနက် “Lily Of The Valley” ခေါ် လီလီပန်းများကို စိတ်ကျရောဂါကုသရန် နှင့် စိတ်ဓာတ်မြှင့်တင်ခြင်းကုထုံးများတွင် အသုံးပြုကြသည်။
https:www.rxlist.com ၏
“Lily of the valley”ဆောင်းပါးမှ
ကောက်နုတ်ထားပါသည်။