လီလီပန်းများကိုစိုက်ပျိုးရာတွင် ယေဘုယျရှုထောင့်အနေဖြင့် ဒေသအတွက်သင့်လျော်သော မျိုးစိတ်များကိုသာ သုံးစွဲပါ။ကုန်ပစ္စည်း တင်သွင်းသူအား မေးကြည့်ပါ။ပန်းပွင့်ခြင်းကို အပူချိန် ၊ အလင်းရောင် နှင့် စိုထိုင်းဆများ လွှမ်းမိုးသည်။အပူချိန် နှင့် အလင်းရောင်ကို ထိန်းချုပ်နိုင်လျှင် , Asiatic နှင့် Oriental နှင်းပန်းများကို တစ်နှစ်ပတ်လုံး ပွင့်စေနိုင်သည်။ယေဘုယျအားဖြင့် အာရှ Hybridsများကို ၈ မှ ၁၄ပတ် အတွင်း ပွင့်စေနိုင်ပြီး ၊ အရှေ့တိုင်း နှင့် Longiflorum Hybridများကို ၁၄ မှ ၁၇ပတ်အတွင်း ပွင့်စေနိုင်သည်။မြေအောက်ပင်စည်ဖု (Bulb)များကို ကြာရှည် သိုလှောင်ထားပါက ပန်းပွင့်ချိန် လျင်မြန်စေသည်။
စိုက်ပျိုးမီဒီယာကို ရေစင်အောင်စစ်ပြီး ကောင်းစွာပိုးသန့်ထားရမည်။pH ၅.၅ မှ ၆.၇အတွင်း ရှိစေရမည်။ ၆.၂ မှ ၆.၇ အတွင်းရှိပါက ပိုကောင်းသည်။ အချို့သောမျိုးစိတ်များသည် မြေဆောင်ဖလိုရိုက်ကြောင့် “Leaf Scorch” (အရွက်လောင) ဖြစ်တတ်သည့်အတွက် မီဒီယံထဲသို့ Fluoride ပါဝင်သော Additivesများမထည့်ရ။ လိုအပ်ပါက မစိုက်ပျိုးမီ Bulbများကို ထောက်ခံ အကြံပြုထားသော မှိုသတ်ဆေးများတွင် လျင်မြန်စွာ နှစ်ပေးနိုင်သည်။ အညှောင့် ၃ မှ ၅ စင်တီမီတာ ရှည်သောBulbများကို စိုက်ပျိုးခြင်းအားဖြင့် Rhizoctonia , Pythium ရောဂါများ ကာကွယ်နိုင်သည်။ Bulbများအထက်တွင် မီဒီယံ ၈ စင်တီမီတာ ရှိနေစေရမည်။၊ ပင်စည်များ အမြန်ဖွံ့ဖြိုးရန် အတွက်ဖြစ်သည်။ မြေတစ်မီတာပတ်လည်တွင် Bulbစုစုပေါင်း ၃၀ မှ ၅၀ (သို့) Forcing Trays (၄၀/၆၀ စင်တီမီတာ)တွင် Oriental / OT Bulbs ၁၀-၁၅ နှင့် Asiatic / LA Bulbs ၁၅-၂၀ စိုက်ပျိုးနိုင်သည်။ အလင်းရောင် ကောင်းစွာရရှိပါက Bulbများကို ပိုမိုနီးကပ်စွာ စိုက်ပျိုးနိုင်သော်လည်း အလင်းရောင်ကောင်းစွာ မရရှိပါက Bulbများကို ကျဲကျဲစိုက်ပျိုးရမည်။ Bulbများကို Trayထဲမှာ စိုက်ပျိုးသောအခါ စိုက်ပျိုးမီဒီယံထဲမှ အညှောင့် ၅-၁၀ စင်တီမီတာ ရှည်ထွက်လာသည်ထိ ၁၁ ဒီဂရီစင်တီဂရိတ်အခန်းတွင် ကနဦး စိုက်ပျိုးရမည်။ ဤနည်းစနစ်ကို ပြင်ပအပူချိန်မြင့်မားသော နွေဦးပေါက်ကာလ နောက်ပိုင်း နှင့် နွေရာသီတွင် သုံးစွဲနိုင်သည်။
အချို့နိုင်ငံများတွင်မူ Bulbများကို Caseအောက်ခြေတွင် Spaceမခြားဘဲ စိုက်ပျိုးပြီး သစ်ဆွေး 5 စင်တီမီတာဖြင့် ဖုံးလွှမ်းပေးကြသည်။ အောက်ခြေတွင် Bulb (100)ခန့် စိုက်ပျိုးနိုင်သည်။ ၅ နှင့် ၁၁ ဒီဂရီစင်တီဂရိတ်အကြား အအေးခန်းသိုလှောင်စဉ်တွင် သစ်ဆွေးကို နေ့စဉ်ဂရုတစိုက်စိုစွတ်အောင် ပြုလုပ်ပေးရမည်။ အညှောင့်များ ၁၅ စင်တီမီတာ ရှည်လျားလာသည်အထိ ထားရှိပြီး ရွှေ့ပြောင်းစိုက်ပျိုးရမည်။ စိုက်ပျိုးပြီးနောက် စိုက်ပျိုးမီဒီယံကို ၂-၃ကြိမ် သေချာစွာ ရေလောင်းပေးရမည်။ နောက်ပိုင်းတွင် တစ်ကြိမ်လျှင် စက္ကန့် ၃၀မှ တစ်မိနစ်အထိ တစ်ရက်တွင် ၅-၁၀ကြိမ် စိုစွတ်ရုံ ရေပေးသွင်းရမည်။ အလွန်အမင်း မစိုစွတ်စေရပါ။ရေပေးသွင်းခြင်း၏ ရည်ရွယ်မှာ ကြီးထွားမှု ကောင်းမွန်စေရန်အတွက် အမြစ်သစ်များတဝိုက်တွင် အစိုဓာတ် ၁၀၀% အဆက်မပြတ်ရှိနေစေရန်ဖြစ်သည်။ အစိုဓာတ် ၁၀၀% ဆိုသည်မှာ ရေ ၁၀၀%ဟု မဆိုလိုပါ။ အမြစ်များ မှန်မှန်ကြီးထွားမှုအတွက် ရေအလုံအလောက် အမြဲရှိနေစေရန် ဖြစ်သည်။ ကြီးထွားမှုဖြစ်စဉ် အစပိုင်းကာလများတွင် မြေဆီလွှာ ခြောက်သွေ့မနေသင့်ပါ။အပူချိန်နိမ့်သောအချိန်တွင် ရေပေးသွင်းသင့်သည်။ အပူချိန်မြင့်မားချိန်တွင် ရေပေးသွင်းပါက ရောဂါဖြစ်ပွားတတ်သည်။ အမြစ်များတဝိုက်တွင် အောက်စီဂျင် မြင့်မားအောင်ထားပါ။ တစ်ကြိမ်တည်း ရေအမြောက်အမြားပေးသွင်းပါက မြေကြပ်လာပြီး အောက်စီဂျင် လျော့နည်းသွားမည်ဖြစ်သည်။
Referenced by Frans Claassen 18-2-2009